ငွေလျှော့ပေးပြီး ပိုပြီးကြာကြာတည်းပါ
ကျွန်ုပ်တို့ထံတွင် အနည်းဆုံးငါးည တည်းလျှင် ပိုမိုသက်သာပြီး အဝတ်လျှော်ခ ၂၀% လျှော့ဈေးကို ခံစားနိုင်ပါသည်။ ငွေပြန်မအမ်းသော ပထမညအတွက် စရန် ကျသင့်မည်ဖြစ်သည်။
အခုပဲ ကြိုတင်စာရင်းသွင်းလိုက်ပါဘန်ကောက်မြို့၏ နောက်ဆုံးပေါ် အစိမ်းရောင်ဟော်တယ်ဖြစ်သည့် Holiday Inn Express Bangkok Soi Soonvijai သည် ကျန်းမာရေးဆိုင်ရာ ခရီးသွားတိုင်းအတွက် ကျန်းမာရေးဆိုင်ရာ ဗဟိုချက်မတစ်ခုအနေဖြင့် အကောင်းဆုံးသော တည်နေရာတွင် တည်ရှိသည်။ ၎င်းမှ ဘန်ကောက်ဆေးရုံသို့ ၂ မိနစ်လမ်းလျှောက်လျှင် သို့မဟုတ် ပီယာဗိတ်ဆေးရုံနှင့် ရာမ၉ ဆေရုံသို့ ခနမျှကားမောင်းရုံဖြင့် ရောက်နိုင်သည်။ ဟော်တယ်သည် ကြီးကျယ်ခမ်းနားသော တည်နေရာ၊ အခမဲ့ နံနက်စာ၊ အခမဲ့ ဝိုင်ဖိုင်၊ ကြီးကျယ်ခမ်းနားသော ညဖက်အိပ်စက်မှုတစ်ခု၊ စွမ်းရည်မြင့်ရေချိုးရေပန်းနှင့် အရေးအကြီးဆုံးဖြစ်သော ကြီးကျယ်ခမ်းနားသည့် တန်ဖိုးဖြစ်သည့် တစ်နေ့တာ သင့်တာဝန် ပြီးမြောက်ရန် သင်လိုအပ်သည့်အရာတိုင်းကို ကမ်းလှမ်းခြင်း ဟူသော အမှတ်တံဆိပ် ဝိသေသငါးခုဖြင့် ဝိုင်းဝန်းထားသည့် အရာများထက်ပိုသော ကမ်းလှမ်းခြင်း အမြင်သဘောထားဖြင့် ဗဟိုပြုထားသည်။
ဆေးဘက်ဆိုင်ရာခရီးသွား
ဇိမ်ရှိသောအိပ်ရာ
ဟော်တယ်ဒီဇိုင်းမှာ စိတ်အပမ်းပြေဖို့နှင့် ငြိမ်းချမ်းသော လေထုတစ်ခုကို ဖန်တီးနိုင်ဖို့ ကွန်ကရစ်များဖြင့် ဝန်းရံထားသော်လည်း ‘အိုအေစစ်တွင် နေထိုင်ခြင်း’ ဟူသော အမြင်သဘောထားကို ရောင်ပြန်ဟပ်နေသည်။ ဝင်ပေါက်တွင် အပြာရောင်နှင့် ရွှေရောင် ငှက်ပုံစံ ကျောက်ဆစ်ရုပ်များနှင့်အတူ ဒေါင်လိုက်ဥယျာဉ်တစ်ခုက သင့်ကိုကြိုဆိုနေသည်။ ဟော်တယ်ကို လာရောက်သော ဧည့်သည်များသည် ဒုတိယထပ်ရှိ ဇင်ဘာသာပတ်ဝန်းကျင်တစ်ခုကို ဖော်ကျူးထားသည့် ကျွန်ုပ်တို့၏ ကုစားဥယျာဉ်တွင် အပင်များ၏ ကုစားနိုင်မှုစွမ်းအားကိုလည်း ခံစားနိုင်ပါသည်၊ အလားတူပင် ဟော်တယ်အမိုးထပ်ရှိ ဥယျာဉ်တွင်လည်း ဧည့်သည်များသည် တစ်နေကုန် အချိန်ဖြုန်းပြီး အပန်းဖြေနိုင်ပြီး နေဝင်ဆည်းဆာ၏ အရောင်အမျိုးမျိုးကို ကြည့်ရှုနိုင်သည်။
အခမဲ့ နံနက်စာ
အခမဲ့ ဝိုင်ဖိုင်
Holiday Inn Express Bangkok Soi Soonvijai သည် ဝင်ပေါက်ရှိ ဘီးတပ်ကုလားထိုင်အတွက် ဆင်ခြေလျှောလမ်းကြောများမှ စတင်ကာ အလွယ်တကူအသုံးပြုနိုင်ရန် အသုံးပြုရလွယ်ကူသော အခန်းများနှင့် ရေချိုးခန်းများ၊ ခေါင်မိုးထပ် နှင့် အခြားသော အများသုံးဧရိယာများသို့ ဆင်ခြေလျှောလမ်းကြောများဖြင့် ဘီးတပ်ကုလားထိုင်အတွက် အပြည့်အဝ အဆင်ပြေသည်။ ကျွန်ုပ်တို့သည် ဘန်ကောက်၏ သော့ချက်ကျသော ဆေးရုံများနှင့် နီးကပ်စွာ ကပ်လျက်ရှိပြီး ကျွန်ုပ်တို့၏ အဓိကဧည့်သည်များထဲမှ တစ်မျိုးမှာ ၎င်းဆေးရုံများတွင် ကုသမှုခံယူရန် လာရောက်ကြသူများ ဖြစ်သောကြောင့် လိုအပ်သော သူများအတွက်လည်း ဘီးတပ်ကုလားထိုင်များကို ထားထားပေးသည်။
Smart ကမ်းလှမ်းမှုစမတ်ခရီးသွားများအဘို့