Holiday Inn Express Bangkok Soi Soonvijai
Holiday Inn Express Bangkok Soi Soonvijai

တိကျစွာ

သင်သည်အဘယ်သို့မျှော်မှန်းထားသည်။

Facilities
Facilities

တိကျစွာ

သင်သည်အဘယ်သို့မျှော်မှန်းထားသည်။

Facilities
Facilities

တိကျစွာ

သင်သည်အဘယ်သို့မျှော်မှန်းထားသည်။

discover

Discover
oF / oC Partly sunny
Check In Icon
Check Out Icon
Adult Icon
Children Icon
Room Icon

သင့်ရဲ့တစ်နေ့တာလုပ်

ပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများ

Holiday Inn Express Bangkok Soi Soonvijai သည် အခမဲ့ ဝိုင်ဖိုင်၊ အခမဲ့ နံနက်စာ၊ ဇိမ်ရှိသော အိပ်ရာ နှင့် စွမ်းရည်မြင့် ရေချိုးရေပန်း အပါအဝင် ကျွန်ုပ်တို့၏ဧည့်သည်တော်များအတွက် အရေးအကြီးဆုံးသော အရာများကိုသာ ကမ်းလှမ်းသည်မဟုတ်ဘဲ အခမဲ့ လွန်းပြန်ဝန်ဆောင်မှု၊ အဝတ်လျှော် မီးပူတိုက်သည့်အခန်း၊ ကြံ့ခိုင်ရေးစင်တာ နှင့် စိမ်းလန်းစိုပြေသော ဥယျာဉ်များကဲ့သို့သော အနည်းငယ်ထပ်ဆောင်း၍ သက်သာစေမည့် အင်္ဂါရပ်များကိုလည်း ကမ်းလှမ်းထားပါသည်။ 

ပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများ

လွန်းပြန်ဝန်ဆောင်မှု

ကျွန်ုပ်တို့ဆီတွင် တည်းခိုနေစဉ် လွယ်ကူပြီး အဆင်ပြေသော ယာဉ်ဖြင့်သွားလာမှုဖြစ်သည်။ သင်၏ကြံ့ကြာမှုမရှိပဲချောမွေ့သည့်ခရီးစဉ်ကို သုဝဏ္ဏဘူမိလေဆိပ်မှ လေဆိပ်ရထားလမ်းကြောင်းအဆိုင်း စီးလာခြင်းဖြင့်စတင်ပြီး မက်ကာဆန်ဘူတာရုံတွင် ဆင်းကာ ကျန်ရှိသည့်အရာများအတွက် ကျွန်ုပ်တို့မှ ဂရုစိုက်ပါရစေ။ ကျွန်ုပ်တို့သည် တည်းခိုလျှက်ရှိသည့် ဧည့်သည်တိုင်းအတွက် တနင်္လာနေ့မှ စနေနေ့ထိ ဘန်ကောက်ဆေးရုံ၊ ပီယာဗိတ်ဆေးရုံ၊ ပရာရမ်၉ဆေးရုံ၊ ပတ်ခ်ျဘူရီ MRTဘူတာရုံ၊ သွန်ဂလာ BTS ဘူတာရုံနှင့် လေဆိပ်ရထားလမ်းကြောင်း မက်ကာဆန်ဘူတာရုံတို့သို့ အခမဲ့ လွန်းပြန်အလုံပိတ်ယာဉ် ဝန်ဆောင်မှုကို ထောက်ပံ့ပေးပါသည်။ ပိုမိုသိရှိလိုသော သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ ဧည့်ကြိုကောင်တာသို့ အလည်လာရောက်ခဲ့ပါ။ ယာဉ်ထွက်သည့် အချိန်ဇယားမှာ ယာဉ်အသွားအလာ အခြေအနေများပေါ်တွင် မူတည်ပြီး လွန်းပြန်အလုံပိတ်ယာဉ်ဝန်ဆောင်မှုကို ထိုင်းနိုင်ငံ အများပြည်သူရုံးပိတ်ရက်များတွင် ပြေးဆွဲခြင်းမရှိပါ။ 

အခမဲ့ ဝိုင်ဖိုင်

သင့်ဆရာဝန်နှင့် ချက်ချင်းပင် အချိန်းအချက်တစ်ခု လုပ်ဆောင်ခြင်း သို့မဟုတ် သင့်ချိန်းဆိုထားသည့် အချိန်ကို ပြောင်းလဲခြင်းအတွက် ဤနေရာတွင် ရိုးရှင်းလွယ်ကူပါသည်။ Holiday Inn Express Bangkok Soi Soonvijai သည် မြန်ဆန်ပြီး အခမဲ့ဖြစ်သည့် ဝိုင်ဖိုင်ကို ကျွန်ုပ်တို့၏ ဧည့်သည်များအတွက် ဟော်တယ်တစ်ခုလုံးတွင် ပေးထားပါသည်။ ဘရောက်ဇာ တစ်ခုခုမှတဆင့် အင်တာနက်သို့ ချိတ်ဆက်ခြင်း သို့မဟုတ် သင့်ဖုန်းထဲမှ ဖုန်းခေါ်ဆိုသည့် အက်ပလီကေးရှင်းတစ်ခုခု အသုံးပြုခြင်းမှာ အခမဲ့ဖြစ်သည်။ 

အင်တာနက်ဌာန

လပ်တော့ မရှိလည်း မစိုးရိမ်ပါနှင့် ကျွန်ုပ်တို့သည် ဧည့်ကြိုခန်းမအထပ်တွင် တည်ရှိသည့် အင်တာနက်ဌာန တစ်ခုကို ကမ်းလှမ်းထားပြီး ၎င်းတွင် သင်သည် တစ်ကမ္ဘာလုံးကို ချိတ်ဆက်နိုင်သေးသည် သို့မဟုတ် သင့်မေးလ်များကို စစ်ဆေးကြည့်နိုင်သည်။ ၎င်းမှာ ဟော်တယ်၏ ဧည့်သည်များအတွက် အခမဲ့ဖြစ်သည်။ 

ကြီးကျယ်ခမ်းနားသော အခန်းများ

ကြမ်းပြင်မှ မျက်နှာကျက်အထိရှိသော ပြတင်းပေါက်များနှင့် ကြီးကျယ်ခမ်းနားသော အခန်းသည် ပွင့်လင်းသည့် နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် သင်သည် လတ်ဆတ်ပြီး အခမဲ့ဖြစ်သည့် Express Start နံနက်စာကို အဆင်သင့်ယူဆောင်သွားရုံဖြင့် သုံးဆောင်နိုင်သည်။ မနက် ၆နာရီ ၃၀မိနစ်မှ ၁၀နာရီ ၃၀မိနစ်ထိ ဝန်ဆောင်မှုပေးသော ကျွန်ုပ်တို့၏ နံနက်စာသည် လတ်ဆတ်စွာ ချက်ပြုတ်ထားပြီး ဥရောပဘူဖေးပုံစံဖြင့် ကမ်းလှမ်းထားပါသည်။ ခရီးသွားများသည် အသားချောင်းများ၊ ဥများ၊ ခေါက်ဆွဲများနှင့် ထမင်းအပါအဝင် ချက်ပြုတ်ထားသော ဟင်းလျာအမျိုးမျိုးတို့နှင့်အတူ အစာသွပ်မုန့်များ၊ အစေ့အနှံ့များ၊ ဒိန်ချဉ်၊ လတ်ဆတ်သောသစ်သီးများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့နှင့် သစ်သီးဖျော်ရည်တို့ကဲ့သော တွဲဖက်ပါရှိမည့် ပစ္စည်းများကို ခံစားနိုင်ပါသည်။ သင်သည် တစ်နေ့တာကို စတင်ရန် အဆင်သင့်ဖြစ်စေရန် သေချာစေမည့် နံနက်စာအတွက် သင်လိုအပ်သမျှသော အရာတိုင်းကို ဝန်ဆောင်မှု ပေးထားသော်လည်း လိုအပ်သည်ထက် မပိုပေ။  ဘက်စုံသုံး နေရာလွတ်များကို သင်သည် လုပ်ငန်းအစည်းအဝေး သို့မဟုတ် ရှောင်တခင်တွေ့ဆုံလိုသည့် အချိန်တိုင်းတွင် ၎င်းကို ဧည့်ခန်းအဖြစ် ပြောင်းလဲနိုင်သည်။  

ဧည့်ခန်းမကောင်တာ

အစာပြေ စားစရာများ သို့မဟုတ် ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင် သို့မဟုတ် သစ်သီးဖျော်ရည် အပါအဝင် သောက်စရာအချို့ကို ဧည့်ခန်းမအထပ်တွင် ရှိသော ကျွန်ုပ်တို့၏ ဧည့်ခန်းမကောင်တာတွင် ရွေးချယ်နိုင်ပါသည်။ တစ်ငုံနှစ်ငုံလောက်သောက်၊ စကားအနည်းငယ်ပြောပြီး သင်သွားရောက်ရန် အဆင်သင့် ဖြစ်စေပါမည်။ ဘန်ကောက်ကို သွားရောက်ရန် စီစဉ်လိုက်ပါ။ 

အဝတ်လျှော် မီးပူတိုက်ခြင်း

Holiday Inn Express တွင် တည်းခိုနေတုန်းမှာ ခရီးသွားစဉ် ဝတ်စရာ အဝတ်အစား ပြတ်လပ်သွားခြင်းဆိုသည်မှာ ပြဿနာတစ်ရပ် မဖြစ်ခဲ့ဖူးပေ။ ဟော်တယ်မှ အဝတ်လျှော်စက်၊ အခြောက်ခံစက် နှင့် မီးပူတိုက်ရန် နေရာများ အပါအဝင် ကိုယ်တိုင်လုပ်ဆောင်နိုင်သော အဝတ်လျှော်ခန်းကို မြေညီထပ်တွင် ထားထားပေးထားပါသည်။ တစ်ထည်ချင်းစီ ပေးရခြင်းမဟုတ်ပဲ ဝန်အားအလိုက် ပေးချေရသည့် ဝန်ဆောင်မှုမှာ ထပ်ဆင့်သက်သောင့်သက်သာ ဖြစ်စေပြီး ဟော်တယ်လာဧည့်သည်များအားလုံးအတွက် အကောင်းဆုံးတန်ဖိုးပင် ဖြစ်ပါသည်။ နူးညံ့သောအရာများကို လျှော်ဖွတ်လိုသည့် ရွေးချယ်ခွင့်များကို နှစ်လိုသည့်သူများအတွက်လည်း အခြောက်လျှော်ဝန်ဆောင်မှု ရှိပါသည်။ 

ကုစားဥယျာဉ်

ဒုတိယထပ်တွင် ရှိသော ကုစားဥယျာဉ်သည် ဟော်တယ်ရှိ နောက်ထပ်စိမ်းလန်းနေရာ တစ်ခုဖြစ်ပါသည်။ ဥယျာဉ်မှာ ဂျပန်ဇင်ဘာသာဥယျာဉ်များမှ အငွေ့အသက်ဖြင့် ပုံစံဖော်ထားပြီး အပိုင်းသုံးပိုင်း ခွဲခြားထားပါသည်- အစိမ်းရောင်ဥယျာဉ်၊ ရေဥယျာဉ်နှင့် ကျောက်တုံးဥယျာဉ် တို့ ဖြစ်ကြသည်။ အပင်များနှင့် သစ်ပင်များသာမက ရင်းနှီးနှစ်လိုဖွယ် ပေါင်းစပ်ဖန်တီးထားမှုများရှိသည့် သဘာဝအတိုင်း ဝန်းရံထားခြင်းခံရသော ခံစားမှုတစ်ခု ရရှိစေရန် ကုစားဥယျာဉ်ထဲတွင် ရွှေရောင်ငှက် ကျောက်ဆစ်ရုပ်တုများလည်း ရှိပါသည်။ 

ကြံ့ခိုင်ရေးစင်တာ

ကာယလေ့ကျင့်ခန်းသည် Holiday Inn Express Bangkok Soi Soonvijai တွင် ပိုမိုနှစ်လိုဖွယ် ရှိပါသည်။ ဟော်တယ်လာ ဧည့်သည်များသည် ပုံမှန်ကာယလေ့ကျင့်ခန်းပေါ်တွင် အာရုံစိုက်ထားနိုင်သလို ပိုမိုအကြောပျော့ပြောင်းစေရန် ခြေဆန့်လက်ဆန့်ရုံလောက်လည်း လုပ်နိုင်ပါသည်။ ကုစားဥယျာဉ်၏ အေးချမ်းလှသော မြင်ကွင်းကို အသားပေးထားသည့် ကြံ့ခိုင်ရေးစင်တာကို လမ်းလျှောက်စက်၊ ခြေနင်းစက်၊ စက်ဘီးနင်းစက်နှင့် အခြားအများအပြားတို့ အပါအဝင် နည်းပညာမြင့် ကိရိယာများဖြင့် အပြည့်အဝ တပ်ဆင်ထားပါသည်။ အခန်းသော့ကဒ်ကို အသုံးပြုပြီး ဟော်တယ်လာဧည့်သည်များသည် ကာယလေ့ကျင့်သည့်အခန်းကို ၂၄နာရီ ၇ရက်ပတ်လုံး အသုံးပြုနိုင်ပါသည်။ 

အစည်းအဝေးခန်းမ

ဒုတိယထပ်တွင်ရှိသော ကျွန်ုပ်တို့၏ အစည်းအဝေးခန်းမသည် ဘန်ကောက်တွင် အောင်မြင်သော အစည်းအဝေးရိပ်သာငယ်အဖြစ် မှန်ကန်သောရွေးချယ်မှုဖြစ်ပါသည်။ ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှိသောပြတင်းပေါက်များက နေ့အလေင်းရောင်ကို အခန်းထဲဝင်ရောက်စေပြီး မည်သည့်အစည်းအဝေးအတွက်မဆို နွေးထွေးပျူငှာသော လေထုတစ်ခုကို ဖန်တီးပေးသည်။ အသုံးကျပြီး ကျစ်လစ်သည့်နေရာကို ၅၅လက်မ LCD တီဗွီ၊ လှန်နိုင်သော ဇယားချပ်များ၊ ရေးစရာမာကာများ၊ ပရိုဂျက်တာတစ်လုံး နှင့် ဝှိုက်ဘုတ်တစ်ခုတို့ဖြင့် ဆင်ယင်ထားပါသည်။ အများဆုံး လူ၃၀စာ လက်ခံနိုင်သည့် ခန်းမဖွဲ့စည်းပုံမျိုးဖြင့် အစည်းအဝေးပုံစံအမျိုးမျိုး အတွက် ခန်းမဖွဲ့စည်းပုံကိုလည်း သင်ကြိုက်နှစ်သက်သလို ရရှိနိုင်ပါသည်။ သင်မျှော်လင့်ထားသည်များ ပြည့်မှီဖို့ ကျွန်ုပ်တို့၏ ပရော်ဖက်ရှင်နယ်အဖွဲ့မှ သေချာပေါက် လုပ်ဆောင်ပေးမည်ဖြစ်သည်။ 

မိုးပျံဥယျာဉ်

မနက် ၆နာရီမှ ည၁၀နာရီထိ ဖွင့်လှစ်ထားသည့် ကျွန်ုပ်တို့၏ လေကောင်းလေသန့်ရပြီး ကျယ်ဝန်းသော မိုးပျံဥယျာဉ်သည် ပျားပန်းခပ်ပြီး ဆူညံလှုပ်ရှားနေသည့် ဘန်ကောက်မှ လွတ်မြောက်စေရန် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်သည်။ ဤဘက်စုံသုံးနေရာသည် အချိန်ဖြုန်းခြင်းမှ အတွင်းရေး ကိုယ်ရေးကိုယ်တာပွဲတစ်ခုထိ အခြေအနေတိုင်းအတွက် သင့်ကြိုက်နှစ်သက်မှုကို လိုက်ဖက်စေသည်။ ထိုနေရာကို ရောင်စုံပန်းများ၊ အလှဆင်အပင်များ၊ အဆုံးစွန်သော အပန်းဖြေစေရန်အတွက် စတိုင်ကျသော တည်ဆောက်ထားမှုများနှင့် ပိတာန်များတို့ဖြင့် အပျံစားဒီဇိုင်း အလှဆင်ထားသည့်အပြင် မြင်းကျားထိုင်ခုံများက မိုးပျံဥယျာဉ်တလျှောက်ကို နေဝင်ဆည်းဆာ ကျဆင်းနေသကဲ့သို့ လင်းလက်စေသည်။ နေဝင်ဆည်းဆာကို စောင့်ကြည့်ရန်နှင့် သင့်ဓာတ်ပုံရိုက်စွမ်းရည်ကို ဖော်ထုတ်ဖို့ရာ အကောင်းဆုံးသောနေရာတစ်ခုလည်းဖြစ်သည်။